Consolation Under Affliction အကြောင်း ကျမ်းစာအခန်းငယ်များ: Is sought in vain from the world
Is sought in vain from the world အကြောင်း အခန်းငယ်များ
ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်း ရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ညဉ့်အခါပြင်စွာ ငိုကြွေး၍၊ သူ၏ပါးသည် မျက်ရည်နှင့်စိုစွတ်လေ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူတယောက်မျှမရှိ။ အဆွေခင်ပွန်း အပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ကြပြီ။