အကြောင်းအရာသို့ ကျော်သွားရန်

Caleb အကြောင်း ကျမ်းစာအခန်းငယ်များ: One of the two survivors of the Israelites permitted to enter the land of promise

19 အခန်းငယ် · 9 ရှုထောင့်

"Caleb" ကို ရှာဖွေရန်

One of the two survivors of the Israelites permitted to enter the land of promise အကြောင်း အခန်းငယ်များ

  1. ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။

  2. မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တယောက်မျှ မပါ။

  3. အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ။

  4. ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။

  5. ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။

  6. ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်စေ တော်မူ၏။

  7. သင်တို့စကားသံကို ထာဝရဘုရားကြား၍ မျက်တော်ထွက်လျက်၊

  8. သူတို့ဘိုးဘေးတို့အား ငါပေးမည်ဟု ငါကျိန်ဆို သော ပြည်ကောင်းကို၊ ယေဖုန္နာ၏သား ကာလက်မှ တပါး၊ ဤဆိုးသောလူမျိုး တစုံတယောက်မျှ ဆက်ဆက် မမြင်ရ။

  9. ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆို တော်မူ၏။

  10. ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုးယေဖုန္နာ၏သား ကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ရည်ဆောင်၍၊ ဘုရားသခင် ၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော် သိပါ၏။

  11. ဤပြည်ကို စူးစမ်းစေခြင်းငှါ ဘုရားသခင်၏ ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ် ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။

  12. အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည်၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။

  13. ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ဘုရား သခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အ ဆက် သင်၏အမွေ၊ သင်၏ သားမြေးတို့၏အမွေ ဖြစ်ရ လိမ့်မည်ဟု ကျိန်ဆိုလေ၏။

  14. ဣသရေလအမျိုးသည် တော၌ လှည့်လည်စဉ် အခါ၊ ထာဝရဘုရားသည် ထိုသို့ မောရှေအား မိန့်တော်မူ သောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အ တိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ် အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။

  15. သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အား ရှိသကဲ့သို့ ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ၏။

  16. သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူ သော ဤတောင်ကို အကျွန်ုပ်အား ပေးပါ။ ဤတောင် ပေါ်မှာ အာနကလူရှိကြောင်းကို၎င်း၊ ကြီးမားခိုင်ခံ့သော မြို့တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထိုနေ့၌ ကိုယ်တော်သည် ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ ကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။

  17. ထိုအခါ ယောရှုသည် ကောင်းကြီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သား ကာလက်အမွေခံ စရာဘို့ အပ်ပေးလေ၏။

  18. သို့ဖြစ်၍ ကေနက်အမျိုး ယေဖုန္နာ၏သား ကာ လက်သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ ဟေဗြုန် ပြည်သည် ယနေ့တိုင်အောင် ကာလက်၏အမွေမြေဖြစ် သတည်း။

  19. ဟေဗြုန်မြို့သည် အထက်ကကိရသာဘအမည် ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင် လူကြီးဖြစ် ၏။ ထိုအခါ တပြည်လုံးစစ်ငြိမ်းလေ၏။