အကြောင်းအရာသို့ ကျော်သွားရန်

Amorites အကြောင်း ကျမ်းစာအခန်းငယ်များ: Not exterminated

12 အခန်းငယ် · 10 ရှုထောင့်

Not exterminated အကြောင်း အခန်းငယ်များ

  1. အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။

  2. အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။

  3. အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။

  4. ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊

  5. ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊

  6. ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။

  7. ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊

  8. သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။

  9. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊

  10. ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။

  11. ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊

  12. ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။