Skip to content

Achish အကြောင်း ကျမ်းစာအခန်းငယ်များ

33 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာခိတ်မင်းသည် ဒါဝိဒ်ကို ခေါ်၍၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည့်အတိုင်း သင်သည် ဖြောင့်မတ်စွာ ပြုပြီ။ ငါနှင့်အတူ တပ်မှုတပ်ရင်း၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ။ သင်သည် ငါ့ထံသို့ရောက်သော နေ့မှစ၍ ယနေ့တိုင်အောင် သင်၌ အပြစ်ကို မတွေ့။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ။

  2. သို့ဖြစ်၍ ယခုငြိမ်ဝပ်စွာ ပြန်သွားတော့။ ဖိလိတ္တိမင်းတို့ကို စိတ်ဆိုးစေခြင်းငှါ မပြုပါနှင့်ဟုဆိုသော်၊

  3. ဒါဝိဒ်က ကျွန်တော်သည် ကျွန်တော်သခင် ရှင်ဘုရင်၏ ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှါ အဘယ်သို့ ပြုဘိသနည်း။ ကိုယ်တော်ထံမှာ နေသမျှ ကာလပတ်လုံး ယနေ့တိုင်အောင် အဘယ်အပြစ်ကို တွေ့တော်မူသနည်းဟု အာခိတ်မင်းအား မေးလျှောက်သော်၊

  4. အာခိတ်မင်းက၊ သင်သည် ငါ့ရှေ့မှာ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ကောင်းသည်ကို ငါသိ၏။ သို့သော်လည်း ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်ဟု ဖိလိတ္တိမင်းတို့သည် စီရင်ကြပြီ။

  5. သို့ဖြစ်၍ သင်နှင့်လိုက်လာသော သင့်သခင်၏ ကျွန်တို့နှင့်အတူ နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ ပြန်သွားတော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း၊

  6. ဒါဝိဒနှင့် သူ၏ လူတို့သည် နံနက်စောစောထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း၊ ယေဇရေလမြို့သို့ ချီသွားကြ၏။

  7. သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊

  8. ထ၍မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။