circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 37:6ခရစ်တော် မပေါ်မီ 598 ခန့်
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်၍၊
- ယေရမိအနာဂတ္တိကျမ်း 37:7ခရစ်တော် မပေါ်မီ 598 ခန့်
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 37:8ခရစ်တော် မပေါ်မီ 598 ခန့်
ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ကို တိုက်ယူ ပြီးလျှင် မီးရှို့ကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 37:9ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။
- ယေရမိအနာဂတ္တိကျမ်း 37:10ခရစ်တော် မပေါ်မီ 598 ခန့်
ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့်၊ သူတို့ တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော် လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 37:11ခရစ်တော် မပေါ်မီ 598 ခန့်
ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသော အခါ၊
- ယေရမိအနာဂတ္တိကျမ်း 37:12ခရစ်တော် မပေါ်မီ 598 ခန့်
ယေရမိသည်မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့ သောငှါ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရု ရှလင်မြို့မှ ထွက်သွားလေ၏။
- ယေရမိအနာဂတ္တိကျမ်း 37:13ခရစ်တော် မပေါ်မီ 598 ခန့်
ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ၊ ဟာနနိ သားဖြစ်သော ရှေလမိ၏ သားကင်းမှူးဣရိယက၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည် တကား ဟုဆိုလျက်၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ၏။
- ယေရမိအနာဂတ္တိကျမ်း 37:14ခရစ်တော် မပေါ်မီ 598 ခန့်
ယေရမိ ကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကို ယူ၍ မင်းများထံသို့ ပို့ဆောင် လေ၏။
- ယေရမိအနာဂတ္တိကျမ်း 37:15ခရစ်တော် မပေါ်မီ 598 ခန့်
မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထား ကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း။
- ယေရမိအနာဂတ္တိကျမ်း 37:16ခရစ်တော် မပေါ်မီ 589 ခန့်
ယေရမိသည် အိမ်အောက်မြေတွင်း၊ လှောင် အိမ်ထဲသို့ရောက်၍၊ နေ့ရက်များစွာ နေရသောနောက်၊
- ယေရမိအနာဂတ္တိကျမ်း 37:17ခရစ်တော် မပေါ်မီ 589 ခန့်
ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိ ကိုနှုတ်ပြီးမှ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိသလော ဟု နန်းတော်၌ တိတ်ဆိတ်စွာ မေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။
- ယေရမိအနာဂတ္တိကျမ်း 37:18ခရစ်တော် မပေါ်မီ 589 ခန့်
တဖန်ယေရမိက၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော။ ကိုယ်တော်၏ကျွန်တို့ကို ပြစ်မှား သလော။ ဤလူမျိုးကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း။
- ယေရမိအနာဂတ္တိကျမ်း 37:19ခရစ်တော် မပေါ်မီ 589 ခန့်
ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက်မလာရဟု ဟောပြောသောသင်တို့၏ ပရောဖက် တို့သည် ယခုအဘယ်မှာ ရှိကြသနည်း။
- ယေရမိအနာဂတ္တိကျမ်း 37:20ခရစ်တော် မပေါ်မီ 589 ခန့်
သို့ဖြစ်၍၊ အကျွန်ုပ်သခင်အရှင်မင်းကြီး၊ နားထောင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ။ အကျွန်ုပ်ကို သေစေခြင်းငှါ၊ စာရေး တော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကို လျှောက်ဆို၏။
- ယေရမိအနာဂတ္တိကျမ်း 37:21ခရစ်တော် မပေါ်မီ 589 ခန့်
ထိုအခါ ဇောဒကိမင်းကြီးအမိန့်တော်ရှိ၍၊ ယေရမိကို ထောင်ဝင်း၌ ထားကြ၏။ မြို့တွင် မုန့်မကုန်မှီ တိုင်အောင်၊ မုန့်သည် တန်းမှမုန့်တလုံးကို နေ့တိုင်း အစဉ်ပေးရ၏။ ထိုသို့ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ၏။
- ယေရမိအနာဂတ္တိကျမ်း 38:1ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့ ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်သေလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 38:2ခရစ်တော် မပေါ်မီ 598 ခန့်
ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ၍၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ၍၎င်း၊ ဤမြို့ ကို ဗာဗုလုန်ရှင် ဘုရင်၏ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊
- ယေရမိအနာဂတ္တိကျမ်း 38:3ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ၊ ပါရှုရသားဂေဒလိ၊ ရှေလမိသားယေဟုကလ၊ မာလ ခိသားပါရှုရတို့သည်ကြားသောအခါ၊
- ယေရမိအနာဂတ္တိကျမ်း 38:4ခရစ်တော် မပေါ်မီ 598 ခန့်
ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူ သည် ဤသို့သော စကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်း တို့၏ လက်ကိုအားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ ဟု လျှောက်လျှင်၊
- ယေရမိအနာဂတ္တိကျမ်း 38:5ခရစ်တော် မပေါ်မီ 598 ခန့်
ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 38:6ခရစ်တော် မပေါ်မီ 598 ခန့်
ထိုအခါ ယေရမိကို ယူ၍၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချ ကြ၏။ ထိုမြေတွင်း၌ရေမရှိ၊ ရွံ့သာရှိ၍၊ ယေရမိသည် ရွံ့၌ ကျွံလျက်နေ၏။
- ယေရမိအနာဂတ္တိကျမ်း 38:7ခရစ်တော် မပေါ်မီ 598 ခန့်
ထိုသို့ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒ မေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊
- ယေရမိအနာဂတ္တိကျမ်း 38:8ခရစ်တော် မပေါ်မီ 598 ခန့်
ထိုသူသည် နန်းတော်ထဲကထွက်၍ အထံတော်သို့ သွားပြီးလျှင်၊
- ယေရမိအနာဂတ္တိကျမ်း 38:9ခရစ်တော် မပေါ်မီ 598 ခန့်
အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ငတ်မွတ်၍ သေပါလိမ့်မည်ဟုလျှောက်သော်၊