- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 30–62
The Early Church
Pentecost ignites a movement; Peter, Paul, and countless others carry the gospel from Jerusalem to the ends of the earth.
ဤကာလမှ အခန်းငယ်များ
- တမန်တော်ဝတ္ထု 25:3ခရစ်နှစ် 62 ခန့်
ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။
- တမန်တော်ဝတ္ထု 25:4ခရစ်နှစ် 62 ခန့်
ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။
- တမန်တော်ဝတ္ထု 25:5ခရစ်နှစ် 62 ခန့်
သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
- တမန်တော်ဝတ္ထု 25:6ခရစ်နှစ် 62 ခန့်
ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
- တမန်တော်ဝတ္ထု 25:7ခရစ်နှစ် 62 ခန့်
ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။
- တမန်တော်ဝတ္ထု 25:8ခရစ်နှစ် 62 ခန့်
ပေါလုကလည်း၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကိုပြောလေ၏။
- တမန်တော်ဝတ္ထု 25:9ခရစ်နှစ် 62 ခန့်
သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။
- တမန်တော်ဝတ္ထု 25:10ခရစ်နှစ် 62 ခန့်
ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ။
- တမန်တော်ဝတ္ထု 25:11ခရစ်နှစ် 62 ခန့်
အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။
- တမန်တော်ဝတ္ထု 25:12ခရစ်နှစ် 62 ခန့်
ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည်ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
- တမန်တော်ဝတ္ထု 25:13ခရစ်နှစ် 62 ခန့်
ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။
- တမန်တော်ဝတ္ထု 25:14ခရစ်နှစ် 62 ခန့်
အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။
- တမန်တော်ဝတ္ထု 25:15ခရစ်နှစ် 62 ခန့်
ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊
- တမန်တော်ဝတ္ထု 25:16ခရစ်နှစ် 62 ခန့်
ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို၏။
- တမန်တော်ဝတ္ထု 25:17ခရစ်နှစ် 62 ခန့်
ထိုသူတို့သည်ဤမြို့သို့ ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲနက်ဖြန်နေ့၌ တရားပလ္လင် ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။
- တမန်တော်ဝတ္ထု 25:18ခရစ်နှစ် 62 ခန့်
သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်၎င်း၊ ယေရှုအမည်ရှိသော၊
- တမန်တော်ဝတ္ထု 25:19ခရစ်နှစ် 62 ခန့်
သေပြီးသော သူတယောက်နှင့်၎င်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။
- တမန်တော်ဝတ္ထု 25:20ခရစ်နှစ် 62 ခန့်
ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင်မြို့သို့ သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊
- တမန်တော်ဝတ္ထု 25:21ခရစ်နှစ် 62 ခန့်
ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။
- တမန်တော်ဝတ္ထု 25:22ခရစ်နှစ် 62 ခန့်
အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နတ်ဖြန်နေ့၌ သူ၏စကားကိုနားထောင်ပါလော့ဟု ဆို၏။
- တမန်တော်ဝတ္ထု 25:23ခရစ်နှစ် 62 ခန့်
နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ၏။
- တမန်တော်ဝတ္ထု 25:24ခရစ်နှစ် 62 ခန့်
ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း ယုဒလူများအပေါင်း တို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အား လျှောက်၍၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။
- တမန်တော်ဝတ္ထု 25:25ခရစ်နှစ် 62 ခန့်
သူသည်သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍၎င်း၊ သူသည်ဘုန်းကြီတော်မူသော ဘုရင်၏ အယူတော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှါ ကျွန်ုပ်စီရင်၏။
- တမန်တော်ဝတ္ထု 25:26ခရစ်နှစ် 62 ခန့်
သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌၎င်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။
- တမန်တော်ဝတ္ထု 25:27ခရစ်နှစ် 62 ခန့်
အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ် မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည် ထင်ပါသည် ဟုဆို၏။