အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Moses & The Exodus

God raises up Moses to confront Pharaoh; the ten plagues culminate in Israel's dramatic deliverance from four centuries of bondage.

415 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ထွက်မြောက်ရာကျမ်း 6:28ခရစ်တော် မပေါ်မီ 1491 ခန့်

    အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊

  2. ထွက်မြောက်ရာကျမ်း 6:29ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ၏။

  3. ထွက်မြောက်ရာကျမ်း 6:30ခရစ်တော် မပေါ်မီ 1491 ခန့်

    မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

  4. ထွက်မြောက်ရာကျမ်း 7:1ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖါရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ပရောဖက် ဖြစ်ရလိမ့်မည်။

  5. ထွက်မြောက်ရာကျမ်း 7:2ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည်။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။

  6. ထွက်မြောက်ရာကျမ်း 7:3ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည်လည်း ဖါရောမင်း၏ နှလုံးကို ခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည်။

  7. ထွက်မြောက်ရာကျမ်း 7:4ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။

  8. ထွက်မြောက်ရာကျမ်း 7:5ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

  9. ထွက်မြောက်ရာကျမ်း 7:6ခရစ်တော် မပေါ်မီ 1491 ခန့်

    မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ၏။

  10. ထွက်မြောက်ရာကျမ်း 7:7ခရစ်တော် မပေါ်မီ 1491 ခန့်

    ဖါရောဘုရင်ထံ၌ လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။

  11. ထွက်မြောက်ရာကျမ်း 7:8ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊

  12. ထွက်မြောက်ရာကျမ်း 7:9ခရစ်တော် မပေါ်မီ 1491 ခန့်

    ဖါရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင်၊ သင်၏ လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

  13. ထွက်မြောက်ရာကျမ်း 7:10ခရစ်တော် မပေါ်မီ 1491 ခန့်

    မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖါရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။

  14. ထွက်မြောက်ရာကျမ်း 7:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု၍၊

  15. ထွက်မြောက်ရာကျမ်း 7:12ခရစ်တော် မပေါ်မီ 1491 ခန့်

    မိမိတို့ကိုင်သော လှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏ လှံတံများကို မျိုလေ၏။

  16. ထွက်မြောက်ရာကျမ်း 7:13ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နား မထောင်ဘဲနေ၏။

  17. ထွက်မြောက်ရာကျမ်း 7:14ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။

  18. ထွက်မြောက်ရာကျမ်း 7:15ခရစ်တော် မပေါ်မီ 1491 ခန့်

    နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။

  19. ထွက်မြောက်ရာကျမ်း 7:16ခရစ်တော် မပေါ်မီ 1491 ခန့်

    ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။

  20. ထွက်မြောက်ရာကျမ်း 7:17ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။

  21. ထွက်မြောက်ရာကျမ်း 7:18ခရစ်တော် မပေါ်မီ 1491 ခန့်

    မြစ်၌ရှိသော ငါးတို့သည်သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

  22. ထွက်မြောက်ရာကျမ်း 7:19ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။

  23. ထွက်မြောက်ရာကျမ်း 7:20ခရစ်တော် မပေါ်မီ 1491 ခန့်

    မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။

  24. ထွက်မြောက်ရာကျမ်း 7:21ခရစ်တော် မပေါ်မီ 1491 ခန့်

    မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက် ရှိလေ၏။

  25. ထွက်မြောက်ရာကျမ်း 7:22ခရစ်တော် မပေါ်မီ 1491 ခန့်

    အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။