အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။

  2. ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။

  3. တဖန်မောရှေအား ထာဝရဘုရားက၊

  4. ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊

  5. ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။

  6. ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။

  7. အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။

  8. တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

  9. အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။

  10. ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။

  11. အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။

  12. တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊

  13. သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။

  14. ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။

  15. ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊

  16. ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။

  17. ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။

  18. အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

  19. တဖန် မောရှေအား ထာဝရဘုရားက၊

  20. အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။

  21. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊

  22. မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။

  23. ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -

  24. ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။

  25. ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။