God
God ကို ဖော်ပြသော အခန်းငယ်များ
ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။
ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊
လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊
သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။
ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူ သည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။
အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။
ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။
အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။
အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ၏။
အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ၏။
ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
အိုထာဝရဘုရား၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။
အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။
အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။
အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို၎င်း၊
အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။
သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။
အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ။
ထာဝရဘုရားသည် အမျက်တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ။
ထာဝရဘုရားသည် အမျက်တော်ထွက်၍ သူတို့ ကို ကွဲပြားစေတော်မူပြီ။ သူတို့အမှုကို ကြည့်ရှုတော်မမူ။ သူတပါးတို့သည်လည်း၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ၏။
ငါတို့ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရ ဘုရားသည် ပေးတော်မူ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဘမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။
အိုဇိအုန်သတို့သမီး၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တဖန် သိမ်းသွား ခြင်းကိုမခံရ။ အိုဧဒုံသတို့သမီး၊ သင်ပြုသော ဒုစရိုက်ကို စစ်ကြော၍သင်၏အပြစ်ကို ဘော်ပြတော်မူမည်။