God
God ကို ဖော်ပြသော အခန်းငယ်များ
ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘု ရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော် အုပ်ရှေဗနအိမ်သို့ သွားပြီးလျှင်၊
ထာဝရဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်း ဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန် ကိုင်ဘမ်း၍၊
ငါသည်လည်း သင်၏ အရာကို နှုတ်မည်။ သင် ၏ နေရာမှ သင့်ကိုချမည်။
ထိုကာလ၌ ငါ့ကျွန်၊ ဟိလခိ၏ သားဧလျာကိမ် ကို ငါခေါ်၍၊
သင်၏ဝတ်လုံ နှင့် ဝတ်ဆင်စေမည်။ သင်၏ ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏ အစိုးရသော အခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသား တို့၏ အဘဖြစ်လိမ့်မည်။
ဒါဝိဒ်မင်းမျိုး၏ တံခါးသော့ကိုသူ၏ ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှမပိတ်နိုင် အောင် ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ် လိမ့်မည်။
မြဲသော အရပ်၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေ မည်။ သူသည် မိမိအဘ၏ အိမ်၌ ကြက်သရေပလ္လင် ဖြစ်လိမ့်မည်။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသော ဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း၊မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း ထိုသို့ကြံစည်တော်မူ၏။
ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။
ညှဉ်းဆဲခြင်းကို ခံရသော ကညာ၊ ဇိဒုန်မြို့၏သ္မီး၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်း မရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက် ခြင်း မရှိရဟု မိန့်တော်မူ၏။
အထက်က မရှိသော ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင်၏။ ထိုပြည် သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။
အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည်။
သို့ရာတွင်၊ သူ၏ ကုန်သွယ်ခြင်း၊ အမြတ်ရခြင်း အရာတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည်။ ဆည်းဖူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာ သည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဘို့ ဖြစ်၍ သူတို့သည် ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏။
တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ၏။
ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်။
သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘု ရားကို၎င်း၊ ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရ ဘုရား၏ နာမတော်ကို၎င်း ချီးမွမ်းကြလော့။
ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအ ရပ်၌ မြင့်သောအလုံးအရင်းကို၎င်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို၎င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။
လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စား ပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။
မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ။ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန် သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက် ရမည် အကြောင်းစီရင်တော်မူပြီ။
ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီး မွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။
ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူ သော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ် မှာ စီရင်တော်မူလိမ့်မည်။