God
God ကို ဖော်ပြသော အခန်းငယ်များ
အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ် တင်တော်မူ၏။
သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ် တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။
သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကို နှုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ။
အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ။
အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ။
ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ။
အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။
ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ။
အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။
နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည်။
မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။
အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။
မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့ သည် စား၍ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကိုမစောင့် နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွတ်ပြတ်ဝပ်တွားကြလိမ့်မည်။
သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏ သိတင်းတော်ကို ကြားရကြလိမ့်မည်။
ဤသို့စီရင်တော်မူပြီးမှ သူတို့သည်ပေါ်လာ၍၊ တရားသောအမှုတော်ကိုဘွားသောလူမျိုးအား ဘော်ပြ ရကြလိမ့်မည်။
ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။
စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။
ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသားတို့ကို၎င်း၊ ပိုင်တော်မူ၏။