God
God ကို ဖော်ပြသော အခန်းငယ်များ
ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာ ယ၏သားရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည်။ ယနေ့ညဉ့်၌ပင် လာကြလိမ့် မည်ဟု ဆို၏။
ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။
အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။
ထိုသိတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ၏။
သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရု ရှလင်မြို့ကို အပ်လျက်၊
ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။
သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း၊
ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။
ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများ နားလည်စေခြင်းငှါ ပြုကြ၏။
လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက် သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။
သွားကြလော့၊ မြိန်စွာသော အစာကိုစားကြ လော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ၊ ဗိမာန် တော်တန်တိုင်းထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ၎င်း သစ်ခက်တဲများကို လုပ်ကြ၏။
ပဌမနေ့မှစ၍ နောက်ဘုရားသခင်၏ ပညတ္တိ ကျမ်းစာကို ဘတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံး ခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခဲ့ကြ၏။
မိမိတို့နေရာ၌ ရပ်နေ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဘတ်ကြ၏။ အပြစ်ကို ဘော်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ၏။
ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင် ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။
တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။
ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို ၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ် တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။
ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။
ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။
ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။
သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေ ခြင်းငှါ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သော ရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။