အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကို ဝန်ခံလျက် မိမိ ဒုစရိုက်ကို စွန့်ပယ်လျှင်၊

  2. ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အား အမွေပေးသော မြေ ပေါ်မှာ မိုဃ်းရွာစေတော်မူပါ။

  3. ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့ သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊

  4. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နား ထောင်တော်မူပါ။

  5. ဘိုးဘေးတို့အားပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော် ကို ကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည် အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်း တို့၏စိတ်နှလုံးသဘောကို သိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော် မူပါ။

  6. ကိုယ်တော်၏လူဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့ သည်ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက် သဖြင့်၊ ဝေးသောပြည်မှ ရောက်လာ၍ ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင်၊

  7. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏ လူဣသရေလ အမျိုးသားတို့သည်ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှ အတိုင်း ကျေးဇူးပြုတော်မူပါ။

  8. ကိုယ်တော် စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ် တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည် ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊

  9. သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့် တော်မူပါ။

  10. မပြစ်မှားတတ်သော သူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွားလျှင် ၎င်း၊

  11. ထိုပြည်၌အချုပ်ခံစဉ်၊သူတို့သည် သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊

  12. သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊

  13. သူတို့ဆုတောင်း ပဌနာပြုသောစကားကို ကျိန်း ဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။

  14. အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။

  15. အိုထာဝရအရှင် ဘုရားသခင်၊ ကျိန်းဝပ်တော်မူ ရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တတ်တော်မူပါ။ အိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော၊

  16. အိုထာဝရ အရှင်ဘုရားသခင်၊ ဘိသိက်ပေး တော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ်ခံရသော ကျေးဇူးတော်ကို အောက် မေ့တော်မူပါဟု ပဌနာပြုလေ၏။

  17. ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့်၏။

  18. ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။

  19. ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။

  20. ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။

  21. နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။

  22. ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။

  23. ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။

  24. ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ၏။

  25. ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊