အကြောင်းအရာသို့ ကျော်သွားရန်

Amasa

11 အခန်းငယ် · 2 မိသားစုဝင်

Amasa ကို ဖော်ပြသော အခန်းငယ်များ

  1. အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။

  2. အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့ မှာ ယွာဘ၏ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍၎င်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။

  3. ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။

  4. အာမသသည်သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။

  5. ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။

  6. ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။

  7. လက်ဝဲလက်၌ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာ ချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ၏။

  8. အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။

  9. ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ ၏ သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊

  10. သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည်။

  11. အဘိဂဲလသားကား အာမသ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း။