Skip to content
ဆာလံကျမ်း 44:9-22

ဆာလံကျမ်း 44:9-22

9
သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီး။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ။
10
အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။
11
ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ၏။
12
ကိုယ်တော်၏ လူများကိုအဘိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ်။
13
အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင်၌နေသော သူများပြက်ယယ်ပြု၍၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။
14
တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့်၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ၏။
15
ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ၏ စကားကြောင့်၎င်း၊
16
ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာများကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
17
ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကိုမဖျက်ကြပါ။
18
စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော် လမ်းမှလွှဲ၍ မသွားကြပါ။
19
ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။
20
အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏ နာမ တော်ကိုမေ့လျော့၍၊ တပါးအမျိုး၏ ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင်၊
21
နှလုံး၌ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ်၍၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော။
22
အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။
Settings

Reading Style

Typeface

Font Size 19px

Options