Skip to content
တောလည်ရာကျမ်း 13:3-20

တောလည်ရာကျမ်း 13:3-20

3
ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
4
သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။
5
ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။
6
ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊
7
ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။
8
ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
9
ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။
10
ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
11
ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
12
ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
13
အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
14
နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
15
ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
16
ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17
ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
18
ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။
19
သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။
20
ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options