Skip to content
ဓမ္မရာဇဝင်ပဌမစောင် 9:15-24

ဓမ္မရာဇဝင်ပဌမစောင် 9:15-24

15
ရှောလုမရောက်မှီ မနေ့၌ ထာဝရဘုရားက၊ နက်ဖြန်နေ့၊
16
ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကို ပေးရမည်။ သူသည် ငါ၏ လူတို့ကို ဖိလိတ္တိ လူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
17
ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူ သည် ငါ၏ လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
18
ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သော်၊-
19
ရှမွေလက၊ ငါသည် မြင်သောသူ ဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဘော်ပြမည်။
20
တမြန်နေ့က ပျောက်သော သင်၏ မြည်းတို့ကို မအောက်မေ့နှင့် တွေ့လျက်ရှိပြီ။ ဣသရေလအမျိုး သည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့် သင်၏ အဆွေအမျိုးအပေါင်းကို အလိုရှိသည် မဟုတ် လောဟု ရှောလုအား ပြောဆို၏။
21
ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန် အမျိုး သားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက်လေ၏။
22
ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဘိတ်သော သူ သုံးဆယ်တို့တွင် အမြတ်ဆုံးသော အရပ်၌ ထိုင်စေ၏။
23
ပွဲသူကြီးကိုလည်းခေါ်ပြီးလျှင်၊ သင်၌ ငါအပ်ပေး၍ အခြားစီထားစေခြင်းငှါ၊ ငါမှာခဲ့သောအဘို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊
24
ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာ ခင်းသောအရာကိုယူ၍ ရှောလုရှေ့မှာထားလေ၏။ ရှမွေလက လည်း၊ ချန်ထားသောအရာကို ယူ၍ စားတော့။ ခေါ်ဘိတ်သော သူတို့အား ပြောနှင့်သည်အတိုင်း သင့်အဘို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီဟု ဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စား သောက်လေ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options