Wisdom အကြောင်း ကျမ်းစာအခန်းငယ်များ: Of Hiram
Of Hiram အကြောင်း အခန်းငယ်များ
ထိုဟိရံကား၊ နဿလိအမျိုးမုတ်ဆိုးမသား ဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန် မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။
သူ့အမိကားဒန်အမျိုးသမီး၊ အဘကား တုရု အမျိုးသားဖြစ်၏။ သူသည် ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊ ပြာသော အထည်။ နီသောအထည်၊ ပိတ်ချောကို လုပ်တတ်သော အတတ်၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော်၏ ဆရာသမားဆရာသမား၊ ခမည်းတော်အရှင်ဒါဝိဒ်၏ ဆရာသမား တို့နှင့် ဝိုင်းလျက်၊ လိုသမျှကို ဉာဏ်ရှာ၍ လုပ်တတ်သော သူဖြစ်၏။