Skip to content

Weights အကြောင်း ကျမ်းစာအခန်းငယ်များ

33 အခန်းငယ် · 19 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။

  2. တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သော စိတ်နှင့်စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည်။

  3. ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။

  4. မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။

  5. မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ၍ ငါမှတ်ရမည် လော။

  6. အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

  7. ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။

  8. ထိုမိုဃ်းသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။