Skip to content

Unselfishness အကြောင်း ကျမ်းစာအခန်းငယ်များ: General references

19 အခန်းငယ် · 1 ရှုထောင့်

General references အကြောင်း အခန်းငယ်များ

  1. ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။

  2. သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။

  3. ထိုသို့ငါရှိသမျှသည်ကိုယ်နှင့်စပ်ဆိုင်သော သူ၏ အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှါ သူ၏ အလိုသို့ လိုက်ကြကုန်အံ့။

  4. အကြောင်းမူကား၊ ခရစ်တော်သည်ကိုယ်အလိုသို့ မလိုက်။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာ သတည်း။

  5. ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသော သူတို့ကိုရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။

  6. ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။

  7. ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ်၏။

  8. အားနည်းသော သူတို့၌ အားနည်းသော သူကဲ့သို့ဖြစ်၏။ အချို့သော သူတို့ကို တစုံတခုသော အမှု အရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသော သူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။

  9. သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။

  10. ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။

  11. ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသ လူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊

  12. မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။

  13. မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊

  14. အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊

  15. လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။

  16. အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။

  17. ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။

  18. ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

  19. ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။