အကြောင်းအရာသို့ ကျော်သွားရန်

Trespass Offering အကြောင်း ကျမ်းစာအခန်းငယ်များ

42 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

  2. နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသော တရားဟူမူကား၊-

  3. သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။

  4. ထိုသိုးသငယ်ကို အပြစ်ဖြေရာ ယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန ၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။

  5. ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း၊ ထည့်ရမည်။

  6. ထိုသူသည် ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို၎င်း၊-

  7. တတ်နိုင်သမျှအတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို၎င်း ယူ၍၊

  8. အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့တော်၌ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အား ပေးရမည်။

  9. ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော်၍၊ ရိနာစွဲသော သူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။

  10. ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။

  11. ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။

  12. ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။

  13. အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည်။

  14. ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။

  15. မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့၊ တံခါးမုတ်အတွင်း တဘက် တချက်၌ စာပွဲနှစ်ခုစီရှိကြ၏။

  16. ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုး သား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။

  17. ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်း စေခြင်းငှါ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို၏။