အကြောင်းအရာသို့ ကျော်သွားရန်

Treasure-Houses အကြောင်း ကျမ်းစာအခန်းငယ်များ

55 အခန်းငယ် · 9 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကို ယူ၍ အသွေး၏အဘိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊

  2. ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာ တိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သော သူအများတို့သည် များစွာသွင်းချကြ၏။

  3. ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ၍ သွင်းချခဲ့ပြီ။

  4. ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။

  5. ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွတ်တော်မူ၏။ ကိုယ်တော်၏အချိန်မစေ့မရောက်သေးသောကြောင့် အဘယ်သူကိုမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ။