Skip to content

Translation အကြောင်း ကျမ်းစာအခန်းငယ်များ

20 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။

  2. ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။

  3. ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။

  4. ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။

  5. ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။

  6. ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။

  7. ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ၏။

  8. ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။

  9. ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။

  10. မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊

  11. ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။

  12. ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။

  13. ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။

  14. ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။

  15. ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။

  16. တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။

  17. ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ၍၊

  18. အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို၏။

  19. ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။

  20. ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။