အကြောင်းအရာသို့ ကျော်သွားရန်

The Trinity အကြောင်း ကျမ်းစာအခန်းငယ်များ: Holy

4 အခန်းငယ် · 19 ရှုထောင့်

"The Trinity" ကို ရှာဖွေရန်

Holy အကြောင်း အခန်းငယ်များ

  1. သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊

  2. သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏ လက်မှဘိသိတ်ကျေးဇူးတော်ကိုခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။

  3. ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။

  4. အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။