အကြောင်းအရာသို့ ကျော်သွားရန်

The Trinity အကြောင်း ကျမ်းစာအခန်းငယ်များ: Eternal

3 အခန်းငယ် · 19 ရှုထောင့်

"The Trinity" ကို ရှာဖွေရန်

Eternal အကြောင်း အခန်းငယ်များ

  1. လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ကျမ်းစာများလာသည် နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသောဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊

  2. ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။

  3. ငါသည် အာလဖဖြစ်၏ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။