The Trinity အကြောင်း ကျမ်းစာအခန်းငယ်များ: Sanctifier
Sanctifier အကြောင်း အခန်းငယ်များ
သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား၊
ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။
ယေရှုခရစ်၏ ကျွန်ဖြစ်သောယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။