အကြောင်းအရာသို့ ကျော်သွားရန်

The Feast of Tabernacles အကြောင်း ကျမ်းစာအခန်းငယ်များ

39 အခန်းငယ် · 17 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။

  2. ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။

  3. မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊

  4. သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။

  5. ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။

  6. ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူ သော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်းကြ ကုန်အံ့။

  7. အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းကြီးမင်္ဂာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။

  8. ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူ သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရား၏ အိမ်တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီး ပေးကြပါ၏။

  9. ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။

  10. ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။

  11. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  12. ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။

  13. ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။

  14. ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့် တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။