Skip to content

Swine အကြောင်း ကျမ်းစာအခန်းငယ်များ

23 အခန်းငယ် · 22 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။

  2. ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။

  3. ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန် သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။

  4. တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍၊ တော သားရဲသည်လည်း စားပါ၏။

  5. သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။

  6. သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကို စား၍၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည် ကို သောတတ်၏။

  7. တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။

  8. တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက် သား၊ ရွံရှာဘွယ်သောအရာကို စားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့် ကို၎င်း အကြံအစည်တို့ကို၎င်း ငါသိ၏။

  9. ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။

  10. ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊

  11. ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။

  12. ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။

  13. နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊

  14. သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။

  15. ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။

  16. နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင်၊

  17. ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။

  18. ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမူအရာ တို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။

  19. ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။

  20. နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။

  21. ထိုအခါ ပြည်သားတယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊

  22. သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။

  23. ခွေးသည်မိမိဘန်ဖတ်ကိုပြန်၍စား၏။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။