Stones အကြောင်း ကျမ်းစာအခန်းငယ်များ: Temple built of
Temple built of အကြောင်း အခန်းငယ်များ
ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက်၊ အဘိုးထိုက်သော ကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။
ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။
တန်တိုင်းကြီး ပြင်ဘက်တိုင်အောင်၎င်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်၎င်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဘက်စလုံးလွှနှင့်တိုက်သော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ အမြစ်သည်လည်း အလျား ရှစ်တောင်၊ ဆယ်တောင်ရှိသော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။
အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ် တောင်ရှိသော ကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ ဖြင့် ပြီး၏။
အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့် အညီ လုပ်သော ကျောက်၊ ထူးဆန်းသော ကျောက်နှင့် အာရဇ်သစ်သားရှိ၏။
တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ၏။
သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများ နှင့်၎င်း ဆင်ပြင်လျက် ရှိပါ၏ဟုလျှောက်ကြလျှင်၊
ကိုယ်တော်က၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။