Skip to content

Stones အကြောင်း ကျမ်းစာအခန်းငယ်များ: Commandments engraved upon

14 အခန်းငယ် · 16 ရှုထောင့်

Commandments engraved upon အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊

  2. ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

  3. တဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။

  4. နက်ဖြန်နံနက်သင်သည် အသင့်နေလျက်၊ သိနာတောင်ပေါ်သို့ တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကို ပြလော့။

  5. သင်နှင့်အတူ အဘယ်သူမျှ မတက်ရ။ တောင်တပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း ၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။

  6. ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။

  7. သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိ ညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ ၏။

  8. ထိုစကားတော်ကို ထာဝရဘုရားသည် တောင် ပေါ်မှာ မီး၊ မိုဃ်းတိမ်၊ ထူထပ်သော မှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သက်တို့စည်းဝေးရာ ပရိသတ် အပေါင်းတို့အား မိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြား ပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။

  9. ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲ တောင်ပေါ် မှာနေလေ၏။

  10. သင်တို့သည် စည်းဝေးကြသောနေ့၌ ထာဝရ ဘုရားသည် တောင်ပေါ်မှာ မီးထဲက မြွက်ဆိုတော်မူ သော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသော ကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရား သည် ငါ့အား အပ်ပေးတော်မူ၏။

  11. အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ် ကျောက်ပြား နှစ်ပြားကို ထာဝရဘုရားသည် ငါ့အား ပေးတော်မူလျှင်၊

  12. ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။

  13. သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။

  14. ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။