Skip to content

Snow အကြောင်း ကျမ်းစာအခန်းငယ်များ

8 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။

  2. ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊

  3. ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊

  4. မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။

  5. အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ၊ ဟုဿုပ်ပင် ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော် မူပါ။

  6. ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။

  7. လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန် တောင်၏ မိုဃ်းပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။

  8. သူ၏မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက်နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။