Skip to content

Sin အကြောင်း ကျမ်းစာအခန်းငယ်များ

210 အခန်းငယ် · 120 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော် လည်း ငါတို့၌မရှိ။

  2. ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။

  3. ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။

  4. မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည်မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။

  5. ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။

  6. မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။

  7. ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။

  8. သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ။

  9. သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍ လောင်းကြလော့။

  10. ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။