Sin အကြောင်း ကျမ်းစာအခန်းငယ်များ: The abominable thing that God hates
The abominable thing that God hates အကြောင်း အခန်းငယ်များ
မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဘွယ်သောအမှုကို မပြုပါနှင့်ဟု ပြောသော်လည်း၊
သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည်။