အကြောင်းအရာသို့ ကျော်သွားရန်

Sickness အကြောင်း ကျမ်းစာအခန်းငယ်များ: Sent by God

6 အခန်းငယ် · 47 ရှုထောင့်

"Sickness" ကို ရှာဖွေရန်

Sent by God အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။

  2. ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။

  3. ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။

  4. ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။

  5. နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။

  6. ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။