Sickness အကြောင်း ကျမ်းစာအခန်းငယ်များ: Faith required in those healed of, by Christ
Faith required in those healed of, by Christ အကြောင်း အခန်းငယ်များ
အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။
ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊
ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွား လော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။
အရှင်ဘုရား အကျွန်ုပ်မျက်စိကိုမြင်စေခြင်းငှါ ပြုတော်မူပါဟု လူကန်းလျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟုမိန့်တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိ မြင်၍ လမ်း၌နောက်တော်သို့လိုက်လေ၏။