Sickness အကြောင်း ကျမ်းစာအခန်းငယ်များ: Preserves saints in time of
Preserves saints in time of အကြောင်း အခန်းငယ်များ
အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။
အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့် မည်။
ညဉ့်အခါဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြှားကို၎င်း၊
မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည်မကြောက်ရ။
သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။