Skip to content

Rulers အကြောင်း ကျမ်းစာအခန်းငယ်များ: Wicked

141 အခန်းငယ် · 5 ရှုထောင့်

Wicked အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။

  2. သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။

  3. ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။

  4. တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  5. ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊-

  6. သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်း ထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။

  7. လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါး ရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည်။

  8. သင်တို့သမီးများကိုလည်း ယူ၍၊ ခဲဘွယ်စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ၎င်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှါ၎င်း ခန့်ထားလိမ့်မည်။

  9. သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကို ယူ၍ မိမိကျွန်တို့အား ပေးလိမ့် မည်။

  10. သင်တို့မျိုးစေ့ စပျစ်သီးဆယ်ဘို့တဘို့ကို ယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။

  11. သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကို ယူ၍ သူ၏ အမှုကို လုပ်ကိုင်စေ လိမ့်မည်။

  12. သင်တို့သိုးစုဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင်တို့သည် သူ၏ ကျွန်ခံရကြမည်။

  13. သင်တို့ ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏။

  14. ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒ ပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား၏။

  15. မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊

  16. တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။

  17. ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။

  18. အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက် များတို့ကို နားမထောင်ကြ။

  19. ကြီးသောကျေးဇူးကို ပြုလျက်အပ်ပေးတော်မူ၍၊ သူတို့ပိုင်သော နိုင်ငံ၊ သနားတော်မူသောပြည်ကြီး၊ ပြည် ကောင်း၌နေရသော်လည်း၊ အမှုတော်ကိုမဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ၏။

  20. ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံ ကို စားရသော အခွင့်နှင့်သူတို့အား ပေးသနားတော် မူသော ပြည်၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ၏။ သူ့ကျွန်ခံရကြပါ၏။

  21. အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ် မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။

  22. အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။

  23. ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။

  24. များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက် သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။

  25. အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့၏တောင့်တခြင်း အသံကိုကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။