Skip to content

Revelation အကြောင်း ကျမ်းစာအခန်းငယ်များ

22 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တော နောက်ဘက်သို့ ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။

  2. ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင်၊

  3. အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။

  4. မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။

  5. ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသော မြေဖြစ်သည်ဟူ၍၎င်း၊

  6. ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍၎င်း မိန့်တော်မူ၏။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။

  7. ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍၎င်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ၍၎င်း၊ မောရှေ အားမိန့်တော်မူ၏။

  8. ထာဝရဘုရားကလည်း၊ ငါသည် ဖါရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကို တွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

  9. တဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။

  10. ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော် လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကို မသိကြ။

  11. ထိုအခါအိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာ တိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ သေတ္တာတော်အဖုံး ထားရာ အခန်း၏ ပုံကို၎င်း၊

  12. ထာဝရဘုရား၏အိမ်တော်တန်တိုင်းများ၊ ပတ် လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏ အိမ်တော် ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များ တို့၏ပုံကို၎င်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတောရှောလမုန်အား အပ်တော်မူ၏။

  13. ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏အိမ်တော်၌ အမှုတော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင် တော်မူ၏။

  14. အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေ တန်ဆာရှိသမျှတို့အဘို့ ရွှေကို၎င်း၊ ငွေတန်ဆာရှိသမျှတို့ အဘို့ ငွေကို၎င်းချိန်၍ အပ်တော်မူ၏။

  15. ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန်၍ အပ်တော်မူ၏။

  16. ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။

  17. အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဘို့ ရွှေစင် ကို၎င်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။

  18. နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎င်း၊ အတောင်တို့ကို ဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို၎င်း၊ ချိန်၍အပ်တော်မူ၏။

  19. ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဉာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။

  20. ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။

  21. ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။

  22. ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။