Ramoth-Gilead အကြောင်း ကျမ်းစာအခန်းငယ်များ: Elisha anoints Jehu king at
Elisha anoints Jehu king at အကြောင်း အခန်းငယ်များ
ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊
ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကို လောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။
ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။
ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။
ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။