Rachel အကြောင်း ကျမ်းစာအခန်းငယ်များ: Steals the household images of her father
Steals the household images of her father အကြောင်း အခန်းငယ်များ
ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်၊
ရာခေလနှင့် လေအာတို့က၊ အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ် သို့ အမွေခံရသေးသနည်း။
သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည့်မဟုတ်လော။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီ တကား။
ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူ သော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့ သားသမီး များ ဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် မှာထားတော်မူ သည်အတိုင်း ယခုတွင် ပြုပါလော့ဟုပြန်ပြောကြ၏။
ထိုအခါ ယာကုပ်သည်ထ၍၊ မိမိသားမယား တို့ကို ကုလားအုပ်ပေါ်မှာ စီးစေ၏။
မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာ တို့ကို ဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။
လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြား တပါးသို့ သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ် ရုပ်တုတို့ကို ခိုးယူလေ၏။
လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မ နှစ်ယောက်တို့၏ တဲသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှ ထွက်၍၊ ရာခေလတဲသို့ ဝင်လေ၏။
ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုပ် ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ် မှာ ထိုင်လျက်နေ၏။ လာဗန်သည် တတဲလုံးကို ရှာဖွေ၍ မတွေ့လျှင်၊
ရာခေလက၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအား ဆိုလေ၏။ ထိုသို့လာဗန်သည် ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။