Punishments အကြောင်း ကျမ်းစာအခန်းငယ်များ: Exposing to wild beasts
Exposing to wild beasts အကြောင်း အခန်းငယ်များ
တဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရား သခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။
ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏ အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင်၍သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။