Skip to content

Polytheism အကြောင်း ကျမ်းစာအခန်းငယ်များ

13 အခန်းငယ်

အဓိက ကျမ်းစာအခန်းငယ်များ

  1. လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြား တပါးသို့ သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ် ရုပ်တုတို့ကို ခိုးယူလေ၏။

  2. ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ် ကြလော့။ အဝတ်ကို လဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။

  3. သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက်၌ မြှုပ်ထားလေ၏။

  4. ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟော ပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ် တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာ လ၌ မြစ်ကြီးတဘက်မှာနေ၍ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကြ၏။

  5. ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြ လော့ဟု ဆိုလေ၏။

  6. ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊

  7. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊

  8. တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ၏။

  9. ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။

  10. ကိုယ်အဘို့ သင်လုပ်သော ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင်ထ၍ ကယ်ကြပါလေစေ။ အိုယုဒ ပြည်၊ သင်သည် မြို့များ အရေအတွက်ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။

  11. အိုယုဒပြည်၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။

  12. နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင်၊

  13. ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း၊