Skip to content

Patience အကြောင်း ကျမ်းစာအခန်းငယ်များ

76 အခန်းငယ် · 37 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။

  2. ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။

  3. အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ် လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့်။

  4. ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။

  5. ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။

  6. မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။

  7. အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။

  8. အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။

  9. ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွား သော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။

  10. ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။

  11. လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။

  12. ထိုကျွန်သည်ညွတ်ပြပ်ဝပ်တွားလျက်၊သခင်၊ ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါ မည်ဟုလျှောက်လျှင်၊

  13. စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ၏။

  14. ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ် သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊

  15. ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း။

  16. သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။

  17. ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။

  18. ယုဒလူတို့သည် အကျွန်ုပ်ကိုအမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌အပြစ်ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကိုလေ့ကျက်တော်မူ ကြောင်းကို၎င်း အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့်သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည် အကြောင်း အသနားတော်ခံပါ၏။

  19. ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်း အသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့၊

  20. ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။

  21. သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။

  22. ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။

  23. မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။

  24. ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်း အကြောင်းများကိုအမှီပြု၍ မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထား သတည်း။

  25. သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီ တညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှါ၊