အကြောင်းအရာသို့ ကျော်သွားရန်

Nation အကြောင်း ကျမ်းစာအခန်းငယ်များ: Peace of

6 အခန်းငယ် · 11 ရှုထောင့်

"Nation" ကို ရှာဖွေရန်

Peace of အကြောင်း အခန်းငယ်များ

  1. ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။

  2. ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရား ဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။

  3. အို ထာဝရဘုရား၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။

  4. သူတို့သည် မျက်နှာတော်အလင်း၌ သွားလာ ရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ၏။

  5. ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ် တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။

  6. ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။