Skip to content

Miracles အကြောင်း ကျမ်းစာအခန်းငယ်များ

338 အခန်းငယ် · 37 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ်၍၊

  2. ထိုအခါအရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။

  3. သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။

  4. နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကို လည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊

  5. နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။

  6. ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော် ကိုချီးမွမ်းကြ၏။

  7. ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ၏။

  8. တပါးအမျိုးသားတို့သည် စကားအားဖြင့်၎င်း၊ အကျင့်အားဖြင့်၎င်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကိုပြ၍၊ ငါ့အားဖြင့်ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။

  9. ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။

  10. ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ် ကြ၏။

  11. တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား စိတ်ဝိညာဉ် တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို၎င်း တယောက်သောသူအား ထိုဘာသာ စကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။

  12. အကယ်စင်စစ်သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာအံဘွယ်သောအမှု၊ ထူးဆန်းသော တန်ခိုးများ အားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။

  13. ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအားဖြင့်၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံတော်မူပြီ။