Miracles အကြောင်း ကျမ်းစာအခန်းငယ်များ: Should produce obedience
Should produce obedience အကြောင်း အခန်းငယ်များ
သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။
သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊
ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊
တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည် မှာ ဖာရောဘုရင်၌၎င်း၊ သူ၏ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ပြည် တရှောက်လုံး၌၎င်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊
ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူး ဆန်းသော တန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။
သို့ဖြစ်၍ သင်တို့ ပြုလေရာရာ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက်၍ ကျင့်ကြလော့။