Skip to content

Mill အကြောင်း ကျမ်းစာအခန်းငယ်များ

7 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦး တိုင်အောင်၊ အဲဂုတ္တုပြည်၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။

  2. လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ၏။

  3. ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင် မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။

  4. နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ၏။

  5. ကြိတ်ဆုံကို ယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သော အင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကိုပင့်၍ မြစ်ကို ကူးလော့။

  6. ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည်။

  7. စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမား တို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန် မပေါ် မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။