အကြောင်းအရာသို့ ကျော်သွားရန်

Manna အကြောင်း ကျမ်းစာအခန်းငယ်များ

57 အခန်းငယ် · 44 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊

  2. သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။

  3. ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။

  4. ငါသည်အသက်မုန့်ဖြစ်၏။

  5. သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။

  6. ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။

  7. ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။