Manna အကြောင်း ကျမ်းစာအခန်းငယ်များ: Counted inferior to food of Egypt
Counted inferior to food of Egypt အကြောင်း အခန်းငယ်များ
ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။