Locust အကြောင်း ကျမ်းစာအခန်းငယ်များ: Devastation by
Devastation by အကြောင်း အခန်းငယ်များ
ဂါဇံကျိုင်းခြွင်းထားသော အရာကိုအရာ ဘကျိုင်းစား၏။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်းခြွင်းထားသော အရာကို ခါသိလကျိုင်းစား၏။
သေသောက် ကြူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြ လော့။
အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုးသား၏ သွားသည် ခြင်္သေ့သွားကဲ့သို့၎င်း၊ အံသွားသည်လည်း ခြင်္သေ့မအံသွားကဲ့သို့၎င်း ဖြစ်၏။
ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘော သဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက် လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။
ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဍန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဍာန် နှင့်တူ၏။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည်လူမျက်နှာကဲ့သို့ဖြစ်၏။
ဆံပင်သည်မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။
ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။
အမြီးသည် ကင်းမြီးကောက်နှင့်တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။